ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

0
348

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မိမိတို့ အားလုံး အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားနိုင်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ယနေ့ မေ (၂၁) ရက်တွင် ကျရောက်သည့် (၆၅) နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရှည်ကြာနေရခြင်းသည် အဖွဲ့အစည်းများ များပြားနေခြင်း၊ မတူညီသည့် ရည်မှန်းချက်များ ရှိနေခြင်းကြောင့်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဥပဒေပြင်ပ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတိုးပွားလာခြင်းသည်လည်း တော်လှန်ရေးတွင်အတားအဆီးဖြစ်စေကာ တော်လှန်ရေးသက်တမ်းရှည်ကြာနေသည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

ထို့အပြင် တဖက်တွင်လည်း သျှမ်းပြည်သူများ ညီညွတ်မှုအားနည်းခြင်း၊ အချင်းချင်းကြား ကျဉ်းမြောင်းသည့် အယူအဆ အမြင်ရှိခြင်း၊ အမျိုးသားရေးကို ဦးထိပ်မတင်ခြင်း၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းညအချင်းချင်းမတည့်၍ အ ချင်းချင်းတိုက်ခိုက်နေခြင်းတို့ကလည်း တော်လှန်ရေးရှည်ကြာရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here