စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်အားမလိုဘဲ ရွှေ့ ပြောင်းသယ်ယူနိုင်သည့် Life Straw ရေသန့်စင်စက်များဖြင့် ရေပေးဝေရန်ဆောင်ရွက်လျက်ရှိ

0
230

ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများပြားခဲ့သော စစ်တွေမြို့တွင်နေထိုင်သူများအတွက် သောက်သုံးရေသန့်ရရှိရန် Life Straw ရေသန့်စင်စက်များဖြင့် သောက်သုံးရေဖြန့်ဝေပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Life Straw ရေသန့်စင်စက်များသည် လျှပ်စစ်ဓာတ်အားသုံးစွဲရန်မလိုဘဲ ရွှေ့ပြောင်းသယ်ယူနိုင်ကာ စစ်တွေမြို့၊ဆတ်ရိုးကျချောင်းအတွင်းမှသဘာဝရေအား တစ်နာရီလျှင် ၁၅ လီတာမှလီတာ ၂၀ အထိ သောက်သုံးရေအဖြစ်သန့်စင်ပေးနိုင်ကာ တစ်ရက်လျှင်လူဦးရေ ၁၀၀ အတွက်လုံလောက်စွာထုတ်ပေးနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ရေသန့်စင်စက်အလုံး ၅၀ ရောက်ရှိခဲ့ပြီးဖြစ်ကာ ယင်း ရေသန့်စက်များအား ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့သို့ရောက်ရှိနေသည့် နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီး ချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ရောက်ရှိပြီးဖြစ်သည့် ရေသန့်စင်စက်များအား မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့ရွာများသို့အမြန်ပေးပို့သွားမည်ဖြစ်ကာ ထပ်မံရောက်ရှိလာမည့် အလုံး ၁၆၀ ကိုလည်းဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စစ်တွေမြို့ရှိ ဒေသခံများသောက်သုံးရေရရှိနိုင်ရန် တပ်မတော်မှရေသန့်စက်ကားများဖြင့် သောက်သုံးရေသန့်များအား ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here