မွေးထားတဲ့ ခြင်္သေ့နဲ့ ကျား ၁၆ ကောင်ရဲ့ ကိုက်ဖဲ့တာကိုခံရပြီး အသက်ဆုံးရှုံးသွာတဲ့ဆလိုဗေးကီးယားက လယ်သမား

0
309

ဆလိုဗေးကီးယားနိုင်ငံက လယ်သမားတစ်ဦးဟာ သူရဲ့ တိရစ္ဆာန်ရုံအသေးလေးမှာ မွေးထားတဲ့ ခြင်္သေ့နဲ့ ကျား ၁၆ကောင် ရဲ့ ဝိုင်းဝန်းကိုက်ဖဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဂျိုးဇက်ဖ်ဆိုတဲ့ လယ်သမားဟာ ကီဆိုစကဲ နော့ဗဲ မဲစတော့ မြို့က သူ့ရဲ့ နေအိမ်မှာ မေလ ၁၆ ရက် အင်္ဂါနေ့က ကွယ်လွန်သွားခဲ့တာပါ။ ဖြစ်စဉ်ကတော့ ဂျိုးဇက်ဖ်ဟာ သူရဲ့ တိရစ္ဆာန်ကို ပုံမှန်အတိုင်း အစာသွားကျွေးချိန်မှာ ကိုက်ဖဲ့ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့ နေရာကို ရဲတွေနဲ့ တာဝန်ရှိသူတွေ ရောက်လာတဲ့ချိန်မှာတော့ အပိုင်းပိုင်း ကုတ်ဖဲ့ခံထားရတဲ့ ဂျိုးဇက်ဖ်ရဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေကိုသာ တွေ့ရှိခဲ့တယ်။ ရဲတွေဟာ အန္တရာယ်ကင်းဖို့အတွက် ခြင်္သေ့တစ်ကောင်နဲ့ ခြင်္သေ့မတစ်ကောင်ကို ပစ်သတ်ခဲ့ရတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ တာဝန်ရှိသူတွေဟာ လူတစ်ယောက်ကို သေဆုံးစေခဲ့တဲ့ အဲဒီတိရစ္ဆာန်ရုံက ခြင်္သေ့နဲ့ ကျားအားလုံးကို ညင်သာစွာနဲ့ ဇီဝန်ချုပ်ပေးဖို့ စဉ်းစားနေကြပါပြီ။

ဂျိုးဇက်ဖ်ဟာ အဲဒီ တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူဖို့အတွက် အာဏာပိုင်တွေဆီကနေ ၂၀၁၉ ခုနှစ်အထိ ခွင့်ပြုချက်ရ‌ထားပေမယ့် အဲဒီနောက်ပိုင်း သက်တမ်းတိုးတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။

အဲဒီ ခြင်္သေ့နဲ့ ကျားတွေကို သူတို့ ငယ်ငယ်ကတည်းက ကိုယ်တိုင်အစာကျွေး ထိန်းသိမ်းခဲ့လို့ တရင်းတနှီးရှိတယ်ဆိုတဲ့ ဂျိုးဇက်ဖ်ဟာ ၂၀၁၇ ခုနှစ်မှာ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး ရဲတွေ၊ တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပီတာလို့ခေါ်တဲ့ ဒေသခံတစ်ဦးကလည်း “ဂျိုးဇက်ဖ်က အရမ်းကို စိတ်ကြီးဝင်နေခဲ့တာ။ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြုမူထိန်းသိမ်း ရမယ်ဆိုတာကို မသိဘူး။ သူက နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ပြီး တိရစ္ဆာန်တွေရဲ့ အခြေအနေဟာလည်း အတော်လေးကို ဆိုးရွားခဲ့တယ်” လို့ ပြောလာပါတယ်။

Source: Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here