မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ စတင်ပံ့ပိုးနေပြီဟုဆို

0
183

မိုခါမုန်တိုင်းဒဏ်သင့်သည့် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ စတင်ပံ့ပိုးနေပြီဖြစ်ကြောင်း UNOCHA မှအသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ဆိုင်ကလုန်းမုန်တိုင်းမိုခါအတွက် လူသားချင်းစာနာမှုအခြေအနေဆိုင်ရာ သတင်းလွှာ (၈) တွင်ဖော်ပြထားခြင်းဖြစ်သည်။

မိုးရာသီမကျရောက်မီ မုန်တိုင်းဘေးဒဏ်သင့်ရပ်ရွာတွေအနေဖြင့် လူမှုဘဝနှင့် အိုးအိမ်များအချိန်လု ပြန်လည်တည်ဆောက်ကြရမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ပြည်သူတွေဆီကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ စတင်ပံ့ပိုးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ထပ်မံမြင့်တက်လာသည့် လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေများလည်း လိုအပ်နေကြောင်း သိရသည်။

နိုင်ငံ၏အနောက်မြောက်ဖက်ပိုင်းတွင် လူဦးရေ ၁သိန်း၅သောင်းနီးပါး မုန်တိုင်းဒဏ်ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ရသည်ဟု ၎င်းတို့အနေဖြင့် ခန့်မှန်းထားပြီးအမိုးအကာ၊ သောက်ရေသန့်၊ စားနပ်ရိက္ခာအကူအညီ၊ လောင်စာဆီနှင့်အခြေခံကျန်းမာရေးဝန်ဆောင်မှုများအရေးပေါ် လိုအပ်နေကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here