နှစ်နိုင်ငံဆက်ဆံရေးပြေလည်ရန် ကြိုးပမ်းမှုအတွက် ဂျပန်ဝန်ကြီးချုပ်အား ကျေးဇူးတင်ကြောင်း တောင်ကိုရီးယားသမ္မတဆို

0
231

ဆိုးလ်၊မေ ၂၁

တောင်ကိုရီးယားသမ္မတ မစ္စတာယွန်းဆော့ယော်က ၎င်းအနေဖြင့် ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ်ကီရှီဒါ၏စကားများကြောင့် စစ်အတွင်းအတင်းအဓမ္မလုပ်အားပေးခိုင်းစေခံရသည့် တောင်ကိုရီးယားလူမျိုးများနှင့်ပတ်သက်၍ စိတ်ထိခိုက်ခဲ့ရ‌ကြောင်းပြောကြားခဲ့သည်။

မစ္စတာယွန်းသည် ဂျပန်နိုင်ငံ ဟီရိုရှီးမား၌ပြုလုပ်သည့် G – 7 ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင်မစ္စတာကီရှီဒါနှင့်တွေ့ဆုံ မှတ်ချက်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

တနင်္ဂနွေနေ့က နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။နှစ်နိုင်ငံကြား ဆက်ဆံရေးသည် နှစ်ပေါင်းများစွာအေးစက်နေခဲ့သော်လည်း အဓမ္မလုပ်အားခိုင်းစေခံရသူများကို လျော်ကြေးပေးမည့်အစီအစဉ်အား မတ်လအစောပိုင်းတွင် ကြေငြာခဲ့ပြီးနောက် ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ တနင်္ဂနွေနေ့တွေ့ဆုံမှုမတိုင်မီ၌ ဟီရိုရှီးမားတွင် ဗုံးဖြင့်တိုက်ခိုက်ခဲ့မှုအတွင်းပါဝင်သွားသည့် တောင်ကိုရီးယားနိုင်ငံသားများ၏ အမှတ်တရနေရာသို့လည်းသွားရောက်ဂါရဝပြုခဲ့သေးသည်။

“ကျွန်ုပ်တို့ရဲ့ခရီးစဉ်ဟာ ဂျပန်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

Source : Reuters
Photo: AP Images


LEAVE A REPLY

Please enter your comment!
Please enter your name here