ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ မိုးစက်ဝိုင် ဘာကြောင့် ကြန့်ကြာနေတာလဲ

0
383

moe-set-yမိုးစက်ဝိုင်က အင်ဒိုနီးရှား ဘာလီကျွန်း မှာပြုလုပ် တဲ့ သူငယ်ချင်း ဖြစ်သူရဲ့ မင်္ဂလာပွဲကို တက်ရောက် ခဲ့ပြီး နောက်ရက်မှာပဲ ဂျပန်နိုင်ငံကို ထွက်ခွာ သွားခဲ့ကာ ခရီး သွား ပရိုဂရမ် တစ်ခု ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ဂျပန် နိုင်ငံမှ အဆာဟိ ထုတ်လုပ်ရေးမှ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံကြား ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် ဒီပရိုဂရမ်ကို ရိုက် ကူးခြင်း ဖြစ်ကြောင်း ကို မိုးစက်ဝိုင်က…

“မြန်မာပြည်နဲ့ ဂျပန်နိုင်ငံက အရင်တုန်းက ဆက်ဆံရေး တအား များတယ်။ နောက်ပိုင်းမှာ တခြားနိုင်ငံ နဲ့ ယှဉ်ရင် နည်းသွားတယ်။ အဲဒါကို ဂျပန် အစိုးရက မြှင့်တင်ပေး ချင်တယ်။ အဲဒါကြောင့် သူတို့ဘက်က တီဗီ ပရိုဂရမ်ကို ရိုက်ကူးဖို့ အတွက် အစိုးရရန်ပုံငွေ ပရောဂျက်မှာ မိုးစက်ကို ပါဝင်ပေးဖို့ အတွက် မြဝတီနဲ့ ပူးပေါင်းပြီး ကမ်းလှမ်းခဲ့တာပါ။ ဂျပန်ကို ၃ ခေါက် သွားရိုက်ကူး ရမှာပါ။ အခု ပထမခရီးမှာ မိုးစက် တိုကျိုရောက် တယ်။ မိုးစက်ဟိုး အရင်က ရိုက်ကူးတဲ့ Amazing Cities လိုပါပဲ။ သူတို့ရဲ့ ယဉ်ကျေးမှုကို promote လုပ်ပေးချင်တယ်။ သူတို့ traditional ကို မြန်မာပြည်က လူတွေ သိစေချင်တယ်။ တိုကျို ရောက်သွားရင် သူတို့ဆီက အရက် ဖြူကို ဘယ်လိုလုပ်လဲ၊ လေ့လာရတယ်။ ဂျပန် အစားအသောက်တွေ ဘယ်လို လုပ်လဲ။ သူတို့ရဲ့ လက်မှုပညာတွေကို ဘယ်လိုလုပ်လဲ ဆိုတာ သွား လေ့လာရပါတယ်။ ပြီးတော့ သူတို့ဆီက ဘုရားတွေကို လည်း သွားလေ့လာခဲ့ ရပါတယ်။ ဗဟုသုတတွေ အများကြီးရခဲ့ ပါတယ်” လို့ပြောပါတယ်။

ခရီးတွေ မကြာခဏသွား လေ့ရှိတဲ့ မိုးစက်ဝိုင်က သူ့အနေနဲ့ အခုလို ခရီးတွေ သွားရောက်ပြီး ကိုယ်သိချင်တာတွေ သိခွင့်ရတဲ့ အတွက် ကံကောင်းတယ် လို့ဆိုပါတယ်။ ဒီခရီးသွား ပရိုဂရမ်အတွက် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ ဂျပန်နိုင်ငံ ကို ထပ်မံသွားရောက် ရိုက်ကူးရ ဦးမှာဖြစ် ကြောင်း သိရပါတယ်။ အခု လတ်တလောမှာ အနုပညာရှင်တွေ လည်း အနုပညာ လုပ်ငန်းအ ပြင် တခြား စီးပွားရေး လုပ်ငန်းတွေလည်း လုပ်နေကြပါတယ်။ မိုးစက်ဝိုင် ကလည်း ကိုယ် ပိုင် စီးပွားရေး တစ်ခု လုပ်ဖြစ်မယ်လို့ ပြောထား တာကြာပါပြီ။ သူ့ရဲ့စိတ်ကူးတွေကို ဘာကြောင့် အကောင်အထည် မဖော်ဖြစ်သေးတာလဲ လို့ မေးတော့…

“မိုးစက်လည်း စီးပွားရေး လုပ်တော့ လုပ်ဖြစ် မှာပါ။ သူများတွေတောင် လုပ်ကုန်ကြပြီ။ ကိုယ်က ပြောပြီး မလုပ်ရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မိုးစက်က တစ်ခုခု လုပ်မယ် ဆိုပြီး တစ်ဖက်မှာ လုပ် ထားပြီးရင် ခရီးထွက် သွားရတယ်။ မိုးစက်အလုပ်က ခရီး သွားရတာ များနေတော့ ထွက်သွားပြီး ပြန်လာရင် ဒီဘက်က အလုပ်က မပြီးဘူး။ လုပ်မယ်လို့ ကြံကာ ရှိသေးတယ်။ တစ်ဖက်မှာလည်း ဓာတ်ပုံ ရိုက်တွေ ရှိတာနဲ့ဆိုတော့ ပြန်မေ့သွားပြန်ရော၊ အဲဒီလိုနဲ့ ကြန့်ကြာမှုတွေ များနေတာပါ” လို့ပြောပါတယ်။

မိုးစက်ဝိုင်က ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ထဲမှာ ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “ပက်ပက်စက် စက်ညှို့” လို့ ယာယီ နာမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ နေတိုး၊ ရွှေထူး တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here