(၂၃၀) ကေဗွီ ပင်မဓာတ်အားခွဲရုံ (ပုဏ္ဏားကျွန်း) ပြုပြင်မှု (၉၀) ရာခိုင်နှုန်းပြီးစီး

0
164

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ (၂၃၀) ကေဗွီ ပင်မဓာတ်အားခွဲရုံ (ပုဏ္ဏားကျွန်း) ပြုပြင်မှု (၉၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများပြင်ဆင်နေမှုနှင့် အစားထိုးပြုပြင်ရမည့် တာဝါတိုင်နှင့်ဆက်စပ်ပစ္စည်းများရောက်ရှိနေမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးကျော်မှ မေ (၂၁) ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် တာဝါတိုင်အမှတ်(၄၂၄)နှင့် (၄၂၅)တို့အား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပျက်စီးသွားသည့်ဖောင်ဒေးရှင်းများ ပြန်လည်ပြုပြင်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုပျက်စီးသွားခဲ့သည့် ၂၃၀ ကေဗွီ အမ်း – မြောက်ဦး – ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်း တာဝါတိုင်များကိုလည်း အမြန်ဆုံး ပြီးစီးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သား (၅၆၇) ဦးတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၃၀ ကေဗွီ အမ်း – မြောက်ဦး – ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတွင် တာဝါတိုင်ပေါင်း (၄၄၈) တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သည့် တာဝါတိုင် (၁၂) တိုင်၊ တာဝါထိပ်ပိုင်းပျက် စီးခဲ့သည့် (၂) တိုင်တို့အား အစားထိုးပြုပြင်ခြင်း၊ (၆၆) ကေဗွီ ပုဏ္ဏားကျွန်း – စစ်တွေ အမှတ် (၁)ဓာတ်အားလိုင်းတွင် ကွန်ကရစ်တိုင်ပေါင်း (၈၁၂) တိုင်ရှိပြီး ပြိုကျပျက်စီးခဲ့သည့် (၁၀၆) တိုင်အား ဦးစားပေးပြုပြင်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here