မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန် ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

0
237

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ အရေးပေါ်သုံးပစ္စည်းတန်ချိန် စုစုပေါင်း ၃၄ ဒ ဿမ ၆၉ တန်ကျော် သယ်ဆောင်လာသည့် စင်ကာပူလေတပ်မှ C-130 နှစ်စင်း နှင့် B737-800F လေယာဉ်တို့သည် မေလ (၂၁) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံ ရုံး (၉)ရုံးမှ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များ၊ AHA Centre မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယခု ပထမဆုံးအကြိမ် ရောက်ရှိလာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို မိုခါမုန်တိုင်းဒဏ်သင့်သူများထံသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပြီး
အာဆီယံအရေးပေါ် ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ် (Disaster Emergency Logistics System for ASEAN- DELSA) အရ မလေးရှားနိုင်ငံ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့ရှိ သိုလှောင်ရုံများမှ ပစ္စည်းများကို ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှား တပ်မတော်တို့မှ လေယာဉ်များဖြင့် စုစုပေါင်း (၁၉) ခေါက် ကူညီသယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယော က်မျှ မကျန်ရှိစေရေး“မူ”ကို လက်ကိုင်ထားပြီး နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှု၊အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့်၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများအပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here