မြန်မာလေဘေးသင့် ပြည်သူများအတွက် ယူနန်ပြည်နယ် အစိုးရမှ တရုတ်ယွမ်ငွေ ငါးသိန်း လှူဒါန်း

0
203

မြန်မာနိုင်ငံအတွင်းမှ မိုခါဆိုင်ကလုန်းဒဏ်ခံ ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေ ငါးသိန်း လှူဒါန်းမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ပါတီအတွင်းရေး မှူး Mr. Wang Ning ၏ ပြောကြားချက်အရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မေလ (၂၁) ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning နှင့် တွေ့ဆုံစဉ် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ (၂၀) ရက်တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ သဘာဝဘေးသင့်ပြည်သူများအတွက် ယွမ် (၁) သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ခေါက်ဆွဲခြောက် (၉၃၀) ပုံး၊ ဘီစကစ် (၄၁၇) ပုံး၊ သောက်သုံးရေ (၃၆၆၇)ပုံး ပါဝင်သည့်ပစ္စည်းများကို လှူဒါန်းခဲ့သေးကြောင်း သိရသည်။

ထို့အပြင် မေလ (၁၆) ရက်တွင်လည်း POWER CHINA RESOURCES LIMITED သည် မြန်မာနိုင်ငံသို့ အလှူငွေ ကျပ် သိန်း ၅၀၀ နှင့် ဆန်၊ စားသုံးဆီ စသည့်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

လတ်တလောတွင် POWER CHINA ၊ CITIC ၊ Petro China ၊ VPower ၊ Conch Cement စသည့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများမှ သဘာဝဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများလှူဒါန်းမှုများ လုပ်ဆောင်နေသလို သဘာဝဘေးသင့် ဒေသများ၏ လမ်းများ၊ လျှပ်စစ်၊ ဆက်သွယ်ရေးစသည့် အခြေခံအဆော က်အအုံများ ပြန်လည်ပြုပြင်ရေးအတွက် ပံ့ပိုးကူညီပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here