မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ထိုင်းအစိုးရမှ တန်ချိန် (၁၆) တန်ကျော်ရှိသည့် ပစ္စည်းများလှူဒါန်း

0
224

မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ထိုင်းအစိုးရ က လူသားချင်း စာနာမှု အကူအညီအနေဖြင့် တန်ချိန် (၁၆) တန်ကျော်ရှိသည့် အလှူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ယနေ့ မေလ (၂၂) ရက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အစိုးရအိမ်တော်၊ The Thai-Khu-Fah အဆောက်အဦ၊ Hong Si Muang ခန်းမတွင် မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချစ်ဆွေထံသို့ ပစ္စည်းစာရင်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here