ချစ်သူနဲ့ တူတဲ့ ပန်းပုရုပ်တုကို သန်း ၅၀၀ တန် အပျော်စီးသင်္ဘောကြီးပေါ်မှာ ထုလုပ်လိုက်တဲ့ ဘီလျံနာ သူဌေးကြီး ဂျက်ဖ် ဘေဇို

0
361

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်တဲ့ အမေဇုန် ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဂျက်ဖ် ဘေဇိုဟာ မကြာသေးမီကပဲ သူရဲ့ ဒေါ်လာ သန်း ၅၀၀ တန် အပျော်စီး သင်္ဘောကြီးကို ပြင်ဆင်မွမ်းမံတာတွေ လုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ချစ်သူ လောရန် ဆန်းရှေးနဲ့ တူတဲ့ ပန်းပုရုပ်တုကြီးကို ဇိမ်ခံ သင်္ဘောကြီးရဲ့ ဦးခေါင်းပိုင်းမှာ ထုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘေဇို တို့ စုံတွဲဟာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က အဲဒီသင်္ဘောနဲ့အတူ မာရော်ကာ လို့ ခေါ်တဲ့ စပိန်ကျွန်း အနှံ့ ရွက်လွင့်သွားလာနေတာကို တွေ့ရှိရပါတယ်။

ဘေဇို ရဲ့ သင်္ဘောကြီးကို ကိုရူ လို့ခေါ်ပြီး ဆန်း‌ရှေး နဲ့တူတဲ့ အဲဒီရုပ်တုပေါ် မှာတော့ ကိုရူ ကို ကိုယ်စားပြုတဲ့ လည်ဆွဲတစ်ခုကို ဆင်မြန်းပေးထားပါတယ်။ ကိုရူ ဆိုတာကတော့ ဘဝသစ် စတင်ခြင်း၊ အပြုသဘော ပြောင်းလဲခြင်း၊ တစ်ကိုယ်ရည် တိုးတက်လာခြင်း နှင့် အနာဂတ် မျှော်လင့်ချက်ဆိုတဲ့ အရာတွေကို ကိုယ်စားပြုတဲ့ မောင်ရီ လူမျိုးတွေရဲ့ အရေးကြီးတဲ့ သင်္ကေတ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောလို့ ယူဆရတဲ့ ကိုရူ မှာ ရေကူးကန် အပါအဝင် ကြီးမားတဲ့ ရွက်တိုင် သုံးခုနဲ့ သင်္ဘောကုန်းပတ် သုံး၊လေးခု ထက်မက ပါဝင်တယ်လို့ သိရပါတယ်။

အီလွန် မတ်စ် မတိုင်ခင်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဘေဇို့ ဟာ လက်ရှိမှာတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၁၄၁ ဘီလျံ နဲ့ ကမ္ဘာ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။ ဘေဇို ဟာ ၂၅ နှစ်ကြာ လက်တွဲခဲ့တဲ့ မိန်းမဖြစ်သူ မက်ကန်ဇီးနဲ့ ကွာရှင်းပြတ်စဲကြောင်း ကြေညာပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဆန်း‌ရှေးနဲ့ လူသိရှင်ကြား တွဲလာခဲ့ပါတယ်။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here