“မိုခါ” မုန်တိုင်းဒဏ်ခံခဲ့ရသူများအား ကျန်းမာရေးဝန်ကြီး ဌာန၏ နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

0
194

“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ဒေသခံများအား ကျန်းမာရေးဝန်ကြီးဌာန၏ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မေ(၁၅) ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မေ (၂၁) ရက်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ (၃၂၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်ရှိ တပ်ရာကျေးရွာမှ ဒေသခံများ၊ မောင်တောမြို့နယ်ရှိ အင်းဒင်၊ ကျောက်ပန်ဒူနှင့်အောင်သုခ ကျေးရွာများမှ ဒေသခံများကိုလည်း မေ (၂၁) ရက်က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ရှိ မြို့မ အ.မ.က ကျောင်းတွင် ဒေသခံ (၄၈၉) ဦး၊ ကညှပ်ကျေးရွာ၌ ဒေသခံ (၁၂၉) ဦး၊ သရက်ချဉ်ကျေးရွာ၌ ဒေ သခံ (၂၃၉) ဦးနှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့၊အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်၊ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် ဒေသခံ (၁၃၁) ဦးတို့ကိုလည်း မေ (၂၁) ရက်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ နယ်လှည့်အထူးကုဆေးအဖွဲ့များ၊အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့်ဆေးအဖွဲ့များသည် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များနှင့် မုန်တိုင်းဒဏ်‌ကြာင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဒေသများသို့သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ရေစိုပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထားသိုသည့် ရေခဲသေတ္တာများကို ရန်ကုန်မြို့မှ အင်ဂျင်နီယာများ စေလွှတ်ပြင်ဆင်ခဲ့ရာ မေ (၂၀) ရက်တွင် ပြင်ဆင်ပြီးစီးခဲ့သဖြင့် ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here