ဩစတြေးလျ၌ ချင်းလူငယ်တစ်ဦး ဓားထိုးခံရပြီးသေဆုံး

0
267

မဲလ်ဘန်း၊မေ ၁၉

အသက် ၁၆ နှစ်အရွယ်ရှိ ချင်းအမျိုးသားငယ်တစ်ဦးသည် ဩစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့၌ ဓားထိုးခံရပြီးသေဆုံးသွားကြောင်းသိရှိရသည်။

အဆိုပါအမျိုးသားငယ်အား ဓားဖြင့်ထိုးသူဟုယူဆရသော အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့ကဖမ်းဆီးထားကြောင်းသိရပြီး အမှုတွဲ၌ပါဝင်သည့် ကျန်လူငယ်နှစ်ဦးကိုလည်း ဆက်လက်စုံစမ်းနေကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သေဆုံးသွားသူလူငယ်သည် ဘက်စ်ကားမှတ်တိုင်၌ ကားစောင့်နေစဉ် လူငယ်တစ်စု၏တိုက်ခိုက်မှုခံရပြီး လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုသိရသည်။

ရဲတပ်ဖွဲ့၏သုံးသပ်ချက်အရ ဆယ်ကျော်သက်အုပ်စုနှင့် သေဆုံးသူချင်းအမျိုးသားငယ်တို့သည် ခိုက်ရန်ဖြစ်ပွားမှုမျိုးရှိခဲ့ဖူးပုံပေါ်သည်ဟုဆိုသော်လည်း တိတိကျကျမသိရသေးကြောင်းသာပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် CCTV မှတ်တမ်းများအားစစ်ဆေးရာ၌ ဓားရှည်ကိုင်ထားသည့်လူငယ်အမျိုးသားတစ်ဦးသည် ဟူဒီအင်္ကျီအနက်ကိုဝတ်ထားပြီး ထွက်ပြေးသွားသည်ကိုမြင်တွေ့ရသည်ဟုဖော်ပြထားသည်။

သေဆုံးသူအမျိုးသား၏ အစ်ကိုဖြစ်သူကမူ တစ်ခါမှခိုက်ရန်ဖြစ်ပွားခြင်းမရှိဖူးသည့် ၎င်း၏ညီကဲ့သို့ေသာလူမျိုးက ဓားထိုးခံရသည်ဆိုသည်မှာ ယုံနိုင်ဖွယ်မရှိကြောင်းပြောကြားခဲ့သည်။ သေဆုံးသူသည် မောင်နှမလေးယောက်အနက် အငယ်ဆုံးဖြစ်သည်ဟုလည်းဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဩစတြေးလျရောက် ချင်းအသိုင်းအဝိုင်းကလည်း သေဆုံးသူလူငယ်သည် လူတိုင်းချစ်ခင်ပြီး ရန်ငြှိုးရန်စရှိသူမျိုးမဟုတ်သည့်အတွက် အလွန်စိတ်ထိခိုက်ရကြောင်းလည်းပြောကြားခဲ့သည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့များကလည်း ယခုဖြစ်စဉ်အသေးစိတ်အား မျက်မြင်သော်လည်းကောင်း၊ကင်မရာနှင့် CCTV မှတ်တမ်းများရှိလျှင်သော်လည်းကောင်း လာရောက်ဆက်သွယ်ထွက်ဆိုပေးကြရန်လည်းတိုက်တွန်းထားသည်ဟုသိရသည်။

Source : 9News


LEAVE A REPLY

Please enter your comment!
Please enter your name here