‌​ကျောင်းဖွင့်အမီကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးပြုလုပ်

0
83

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းဖွင့်ရာသီအမီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။

ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းများကိုပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ စမ်းချောင်းမြို့နယ်ရှိ အခြေခံမူလတန်းကျောင်းများဖြစ်သည့် အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၁၃)၊ အမှတ်(၁၈)တို့တွင်လည်း မေ ၂၂ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်၊ပြည်သူ့ကျန်းမာရေးဌာနမှလည်း ဒဂုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများဖြစ်သည့် အ.ထ.က(၃)၊ အ.လ.က (၁)၊ အ.လ.က(၂)၊ အ.လ.က(၃)၊ အ.မ.က(၁)၊ အ.မ.က(၂)၊ အ.မ.က(၁၀)တို့တွင် ကျန်းမာရေးဦးစီးဌာန၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့မှတာဝန်ရှိသူများ ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ မေ ၂၂ ရက်ကပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here