အခြေခံပညာတန်းများ ယနေ့စတင် ကျောင်းအပ်လက်ခံ

0
109

၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် KG တန်းမှ Grade – 11 အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို ယနေ့ မေလ (၂၃) ရက်မှ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်များတွင် အခြေခံပညာကျောင်းတွေ၏ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၅) ရက်မှစတင်လက်ခံခြင်းဖြစ်ပြီး ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ(၂၃) ရက်မှ ကျောင်းမဖွင့်မီအထိ သတ်မှတ်ကာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများ ပြုလုပ်လျက်ရှိသည်။

ယနေ့ စတင်လက်ခံသည့်နေ့တွင် မူလတန်းအဆင့် အတန်းများကို စတင်လက်ခံနေခြင်းပြီး မေလ (၂၅) ရက်တွင် အလယ်တန်းနှင့် အထက်တန်းများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here