အမေရိကန် ကစားသမားကို အနိုင်ယူပြီး ရှုံးထွက်အ‌ဆင့်တက်ရောက်သွားတဲ့ သက်ထားသူဇာ

0
172

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ယနေ့ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားတဲ့ Malaysia Master 2023 ကြက်တောင်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသူ ပြိုင်ဘက် Lauren LAM ကို အနိုင်ရရှိပြီး R32 ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပနေတာဖြစ်ပြီး ဆုကြေးအနေနဲ့ အမေရိကန်ဒေါ်လာ လေးသိန်းနှစ်သောင်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆင့် (၅၈)သက်ထားသူဇာဟာ အဲ့ဒီပြိုင်ပွဲမှာ ကမ္ဘာအဆင့် (၄၂) အမေရိကန်နိုင်ငံသူ ပြိုင်ဘက် Lauren LAMကို ပထမပွဲစဉ်မှာ ၂၁ မှတ် ၁၃ မှတ်၊ ဒုတိယပွဲစဉ်မှာ ၁၇ မှတ် ၂၁၊ တတိယပွဲစဉ်မှာ ၂၁ မှတ် ၁၅ မှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရှုံးထွက် R32 အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

သက်ထားသူဇာနဲ့ Lauren LAM တို့ဟာ ပြီးခဲ့တဲ့ Malaysia Master 2022 မှာတွေ့ခဲ့တုန်းကလည်း သက်ထားသူဇာက ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ R32 အဆင့်မှာ ကမ္ဘာ့အဆင့် (၁၃) ထိုင်းနိုင်ငံသူ Busanan ONGBAMRUNGPHAN နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here