မုန်တိုင်းသင့်မြန်မာနိုင်ငံသားများအတွက် အာဆီယံနိုင်ငံများမှပေးပို့သည့် အမေရိကန်ဒေါ်လာ ၆ သောင်းခန့်မှန်းတန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ ဒုတိယအကြိမ်ရောက်ရှိလာ

0
114

“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် အာဆီယံနိုင်ငံများမှပေးပို့လှူဒါန်းသည့် အမေရိကန်‌ဒေါ်လာ ၆၀၀၀၀ ခန့်မှန်းတန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ ဒုတိယအကြိမ်အဖြစ် မေ ၂၂ ရက်မွန်းလွဲပိုင်းက ထပ်မံရောက်ရှိလာခဲ့သည်။

အာဆီယံနိုင်ငံများမှ ပေးပို့လှူဒါန်းသည့် အရေးပေါ် အကူအညီပစ္စည်းများတန်ချိန် ၁၅၅၅၀ ကီလို ဂရမ်ကျော်အား စင်ကာပူလေတပ်မှ C-130 လေယာဉ် ၂ စီးဖြင့်တင်ဆောင်၍ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာသည့် အကူအညီပစ္စည်းများအား အာဆီယံညှိနှိုင်းရေးဌာန(AHACenter)မှတာဝန်ရှိသူများက ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန တာဝန်ရှိသူများထံ လွဲပြောင်းပေးအပ်ခဲ့သည်။

လက်ရှိအချိန်၌ မုန်တိုင်းသင့်မြန်မာနိုင်ငံသားများအတွက် အာဆီယံနိုင်ငံများ၏ ပေးပို့လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းခန့်ရှိပြီးဖြစ်ကာ လာမည့်ရက်များတွင်လည်း အာဆီယံနိုင်ငံများမှ ကူညီရေးပစ္စည်းများထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကူညီရေးပစ္စည်းများအား အာဆီယံအရေးပေါ်ထောက်ပံ့မှုအစီအစဉ်(Disaster Emergency Logistics System)၏ မလေးရှားနိုင်ငံ၊ဆူဘန်းမြို့နှင့်ထိုင်းနိုင်ငံ၊ချိုင်နတ်မြို့တို့ရှိ ဂိုဒေါင်များမှတစ်ဆင့် ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် ၁၉ ခေါက်ခန့်ကူညီသယ်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here