ယူကရိန်းနှင့် ဆီးရီးယားတို့ကို ကျော်၍ ကမ္ဘာ့ နေချင်စရာ မကောင်းဆုံး နိုင်ငံဖြစ်လာသော ဇင်ဘာဘွေ

0
158

ဇင်ဘာဘွေနိုင်ငံသည် နိုင်ငံများ၏ စီးပွားရေး အခြေအနေမျာအပေါ်သာ အဓိကထား တိုင်းတာ ဆုံးဖြတ်သည့် နှစ်စဉ် “စီးပွားရေးဆိုင်ရာ ဆင်းရဲဒုက္ခ အညွှန်း” အရ ကမ္ဘာပေါ်ရှိ နေချင်စရာ မကောင်းဆုံး နိုင်ငံဖြစ်လာခဲ့သည်။

အရှေ့အာဖရိက နိုင်ငံဖြစ်သည့် ဇင်ဘာဘွေသည် နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုကြောင့် ယူကရိန်း၊ ဗင်နီဇွဲလားနှင့် ဆီးရီးယားတို့ကို ကျော်ကာ ထိပ်ဆုံးနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

စီးပွားရေးဆိုင်ရာ ဆင်းရဲဒုက္ခ အညွှန်း သည် နိုင်ငံတစ်နိုင်ငံရှိ အလုပ်လက်မဲ့ဦးရေ ရာခိုင်နှုန်းနှင့် နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းကို ပေါင်း၍ တွက်ချက်ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများ၏ နှစ်စဉ် ဆင်းရဲဒုက္ခ အညွှန်းများကို ပြုစုတွက်ချက်ခဲ့သူမှာ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်မှ အသုံးချ စီးပွားရေးပညာ ပါမောက္ခ စတိဗ် ဟန့် ဆိုသူဖြစ်သည်။

ဟန့်သည် ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့် ၂၀၀၈ ခုနှစ်မှစ၍ ဇင်ဘာဘွေကို အနှစ် ၂၀ ကျော် စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ ဟန့်၏ အဆိုအရ ဇင်ဘာဘွေသည် ၎င်း၏ မူဝါဒများကြောင့် ယခုကဲ့သို့ အကြီးအကျယ် ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး မူဂါဘီ သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ငွေကြေး အကြီးအကျယ် ဖောင်းပွမှုဒဏ်ကို နှစ်ကြိမ်ခံစားခဲ့ရသည်။ ယခုလက်ရှိတွင် ဇင်ဘာဘွေ၌ ဒေါ်လာသည်သာ အခရာဖြစ်ပြီး ပြည်တွင်းသုံးငွေဖြစ်သည့် ဇင်မ်ငွေမှာမူ မည်သူမှ အသုံးမပြုချင်တော့သည်အထိ ဖြစ်လာကြောင်း သိရသည်။

ကမ္ဘာ့ နေချင်စရာ မကောင်းဆုံး နိုင်ငံ ၁၀ နိုင်ငံတွင် ဇင်ဘာဘွေပြီးနောက် ဗင်နီဇွဲလား၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆူဒန်၊ အာဂျင်တီးနား၊ ယီမင်၊ ယူကရိန်း၊ ကျူးဘား နှင့် တုကီးယေး နိုင်ငံတို့က အသီးအသီး နောက်မှ လိုက်နေသည်။ မြန်မာနိုင်ငံမှာမူ အဆင့် ၃၉ နေရာ၌ ရပ်တည်နေသည်။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here