နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ မနီလာမြို့ ပင်မစာတိုက်ကြီး မီးလောင်ပျက်စီး

0
260

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိသော သမိုင်းဝင် စာတိုက် အဆောက်အအုံကြီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူခုနစ်ဦး အနည်းငယ် ဒဏ်ရာရရှိကာခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် စာတိုက် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ငါးထပ် အဆောက်အအုံ၏ မြေအောက်ခန်းတွင် တနင်္ဂနွေနေ့ညသန်းခေါင်မတိုင်မီက မီးစတင်လောင်ကျွမ်းခဲ့ပြီး တနင်္လာနေ့ နံနက် ၇ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်သမားများက ပြောသည်။

မီးလောင်ရသည့် အကြောင်းရင်းနှင့် မီးလောင်ပျက်စီးရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဒဏ်ရာအနည်းငယ်ရရှိသူ နှင့် မီးခိုးများ ရှုရှိုက်မိသူ လူခုနစ်ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မနီလာဗဟိုစာတိုက်ရုံးသည် မြို့တော်၏အလုပ်အများဆုံးရုံးခန်းများထဲမှတစ်ခုဖြစ်ခဲ့ကာ နိုင်ငံ၏ အဓိက စာပို့စနစ်ခွဲဝေရေးနှင့် ဖြန့်ဖြူးရေးဗဟိုဌာနဖြစ်ခဲ့ပြီး ဖိလစ်ပိုင်စာတိုက်ကော်ပိုရေးရှင်း၏ ဗဟိုရုံးဖြစ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here