စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Call Deposit (ခေါ်ယူအပ်ငွေစာရင်း) များကို ဘာကြောင့်အသုံးပြုသင့်ပါသလဲ?

0
253

ငွေထုတ်ယူမှုအလွန်လွယ်ကူခြင်း – ခေါ်ယူအပ်ငွေအကောင့်သည် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်လည်ပတ်ငွေများကို သော်လည်းကောင်း ပိုလျှံငွေများကိုသော်လည်းကောင်း၊ စီမံခန့်ခွဲရန် အပ်နှံထားပြီးသောငွေကို နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု သို့မဟုတ် လုပ်ငန်းတွင်မျှော်မှန်းမထားသော အသုံးစရိတ်များအတွက် လိုအပ်သည့်အခါ အချိန်မရွေး ထုတ်ယူသုံးစွဲရန်လွယ်ကူသော ငွေထုတ်ယူမှုကို ပံ့ပိုးပေးပါသည်။

အတိုးနစ်နာမှု အလျင်းမရှိခြင်း – ခေါ်ယူအပ်ငွေအကောင့်သည် ပုံမှန်ငွေစုအကောင့်များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားသောအတိုးကို ပေးဆောင်ပါသည်။ဆိုလိုသည်မှာ လုပ်ငန်းရှင်များသည် လိုအပ်သလိုအပ်နှံထားသောငွေများကို အချိန်မရွေးထုတ်ယူအသုံးပြုနေသော်လည်း နေ့တစ်နေ့၏ ကျန်ရှိသောလက်ကျန်ငွေပေါ်တွင် အတိုးကိုနေ့စဉ် ဆက်လက်တွက်ချက်ပေးသောကြောင့် နစ်နာမှုအလျင်းမရှိပဲ အတိုးပိုမိုရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။

ငွေသားစီးဆင်းမှုကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း – ခေါ်ယူအပ်ငွေအကောင့်ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းများသည် ၎င်းတို့၏ငွေသားစီးဆင်းမှုကို ဗျူဟာကျကျစီမံခန့်ခွဲနိုင်သည်။ ရက်အလိုက် အတိုးတွက်ချက်ပေးပြီး လစဉ်လတိုင်းအတိုးထည့်သွင်းပေးသည့်အတွက်အကောင့်ထဲရှိငွေများ အချိန်မရွေးထုတ်ယူသုံးစွဲရင်း အတိုးအဆက်မပြတ်ရရှိကာ အမြတ်အစွန်းများကိုပါပိုမိုတိုးပွားသည်အထိ များစွာအထောက်အကူပြုပါသည်။

လုံခြုံစိတ်ချရခြင်း – ခေါ်ယူအပ်ငွေအကောင့်သည် စီးပွားရေးလုပ်ငန်းများကို ငွေဖြစ်လွယ်မှုနှင့် ငွေကြေးတည်ငြိမ်မှုတို့ကို ပံ့ပိုးပေးကာ လုပ်ငန်း၏ငွေများကို ချက်ချင်းလက်ငင်းအသုံးပြုနိုင်မှုကြောင့် ပျော့ပြောင်းပြီး လုံခြုံစိတ်ချရသောစနစ်ဖြင့် ငွေကြေးစီမံခန့်ခွဲနိုင်ရန် လုပ်ဆောင်ပေးသဖြင့် စိတ်အေးချမ်းသာစွာ အပ်နှံနိုင်ပါသည်။

ငွေကြေးဆိုင်ရာအပိုဝန်ဆောင်မှုများနှင့် ခံစားခွင့်များစွာ ရယူနိုင်ခြင်း – ခေါ်ယူအပ်ငွေအကောင့်ကို ထိန်းသိမ်းခြင်းသည် ဘဏ်လုပ်ငန်းအဖွဲ့အစည်းနှင့် လုပ်ငန်းတစ်ခု၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်သည်။ မြင့်မားသော ထိတွေ့ဆက်ဆံမှုကို သရုပ်ပြကာ အပိုဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အကျိုးခံစားခွင့်များကို ရယူရန် များစွာထောက်အကူပြုစေနိုင်ပါသည်။ AGD ဘဏ်၏ Business Call (လုပ်ငန်းကြီးများအတွက် ခေါ်ယူအပ်ငွေစာရင်း) နှင့် SME Call (အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ခေါ်ယူအပ်ငွေစာရင်း) တို့မှာ လုပ်ငန်းများအဆင်ပြေချောမွေ့စွာ လည်ပတ်ရန်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု စရိတ်များသက်သာစေရန် တစ်နိုင်ငံလုံးအတွက် ပြည်တွင်းငွေလွှဲခြင်း (Account to Account Transfer နှင့် Interbank Transfer)၊ PO ဝယ်ယူခြင်း၊ လုပ်ငန်းမီတာဘေလ်ပေးဆောင်ခြင်း၊ ချက်စာအုပ်ထုတ်ယူခြင်း အစရှိသည်တို့ကို အခမဲ့ ဝန်ဆောင်မှုရယူနိုင်ရန်စီစဉ်ထားလျက်ရှိပါသည်။

AGD ဘဏ်တွင် ခေါ်ယူအပ်ငွေအကောင့်များ၏ သီးခြားအကျိုးခံစားခွင့်များနှင့် အင်္ဂါရပ်များသည် မတူညီသောအားသာချက်များရှိသဖြင့် ဆက်စပ်သောသတ်မှတ်ချက်များနှင့် အကျိုးကျေးဇူးများ ကွဲပြားချက်ကိုလေ့လာ၍ မိမိတို့စီးပွားရေးလုပ်ငန်းလိုအပ်ချက်များနှင့် အကိုက်ညီဆုံးသောခေါ်ယူအပ်ငွေအကောင့်ကို ဂရုတစိုက်သုံးသပ်နှိုင်းယှဉ်ပြီး ရွေးချယ်ရန်အကြံပြုလိုပါသည်။

#Thebankthatgrowswithyou


LEAVE A REPLY

Please enter your comment!
Please enter your name here