ရှီကျင့်ဖျင်နှင့် စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံသို့ ရုရှားဝန်ကြီးချုပ် ရောက်ရှိ

0
349

ရှန်ဟိုင်း၊ မေ ၂၃

ရုရှားဝန်ကြီးချုပ် မစ်ဟိုင်းလ် မီရှု့စတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်နှင့် အခြေခံ အဆောက်အဦနှင့် ကုန်သွယ်‌ရေးဆိုင်ရာ သဘောတူညီချက်များတွင် လက်မှတ်ထိုးရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မီရှု့စတင်သည် မေလ ၂၂ ရက် တနင်္လာနေ့ ညပိုင်းတွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံဆိုင်ရာ မော်စကို သံအမတ် အီဂေါ် မော်ဂူလာ့ဖ်နှင့် ရုရှားနိုင်ငံဆိုင်ရာ ပေကျင်း ထိပ်တန်းသံတမန် ကျန်း ဟန်ဟွေ တို့က သူ့အား လေဆိပ်တွင် လာရောက် စောင့်ကြိုခဲ့ကြသည်။

မီရှု့စတင်သည် ရုရှား-တရုတ် စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ရှန်ဟိုင်းရှိ ရေနံဓာတုဆိုင်ရာ သုတေသန ဌာနသို့လည်း လှည့်လည်သွားရောက်မည်ဟု ကရင်မလင်းနန်းတော်က ပြောထားသည်။ အဆိုပါ စီးပွားရေးဖိုရမ်သို့ ပိတ်ဆို့အရေးယူခံထားရသော ရုရှားသူဌေးကြီးများကိုပါ ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထို့ပြင် မီရှု့စတင်သည် ရုရှားစီးပွားရေး အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။

ထို့နောက် သူသည် ပေကျင်းသို့ သွားရောက်ကာ သမ္မတ ရှီ အပြင် ဝန်ကြီးချုပ် လီချန်းတို့နှင့်ပါ တွေ့ဆုံသွားမည်ဟု ရုရှားနိုင်ငံပိုင် မီဒီယာ တက်စ် က ဖော်ပြထားသည်။

တရုတ်နှင့် ရုရှားတို့သည် ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန် ဆက်ဆံရေးတို့ကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့ပြီး ယူကရိန်းအရေးကလည်း ၎င်းတို့ကြားရှိ ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေခဲ့သည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here