ဘားအံခရိုင်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ထုတ်ချေးပေး

0
141

ကရင်ပြည်နယ်၊ ဘာားအံခရိုင်းအတွင်းရှိ တောင်သူများအား မေ (၂၃) ရက် နံနက် (၁၀) နာရီမှ စတင်ကာယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေကျေပြီးဖြစ်သည့် ဘားအံခရိုင်အတွင်းရှိ တောင်သူများကို ချေးငွေထုတ်ချေးပေးခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီထုတ်ချေးပေးရန်၊ တောင်သူများမှလည်း သီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် အပြည့်အဝပြန်လည်ပေးသွင်းရန်နှင့် ချေးငွေများအား လယ်ယာလုပ်ငန်းများတွင်သာအသုံးပြုပြီး အခြားနေရာများ၌ အသုံးမပြုကြရန် ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်အတွင်းရှိ တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၃၇၇၈၅ ကို မေလ တတိယပတ်မှစ၍ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ ဘားအံခရိုင်၏ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ရှိ ကျေးရွာ အုပ်စု (၆) အုပ်စုမှ တောင်သူဦးရေ (၁၄၄) ဦးအား ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here