(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် မူလအာဘိဓမ္မိကဘွဲ့ရရှိတော်မူသည့် ဆရာတော် ၂ ပါးအား နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်

0
392

(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် မူလအာဘိဓမ္မိကဘွဲ့ရရှိတော်မူသည့် ဆရာတော် ၂ ပါးအား နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ မေ ၂၃ ရက်နံနက် ၈ နာရီက ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်ခဲ့သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် ဆရာတော်၊သံဃာတော် ၁၅၂ ပါးအား ချီးကျူးပူဇော်ပွဲနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲတွင် ဆက်ကပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊မင်းကျောင်း ပထမပြန်စာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမ ဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူကာ နစက ဒု- ဥက္ကဋ္ဌနှင့်ဇနီး၊ နစက အဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

နစက ဒု-ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲသြဝါဒါစရိယအဖွဲ့ ဒု-ဥက္ကဋ္ဌ ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသထံမှ ငါးပါးသီလခံယူခဲ့ကြသည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် မူလအာဘိဓမ္မိက အောင်မြင်တော်မူခဲ့သည့် စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊မိုးမိတ်ကုန်းမြေမင်းကွန်းတိပိဋက နိကာယကျောင်းတိုက်မှ ဆရာတော်အရှင်ဇောတိကာလင်္ကာရနှင့် အရှင်ဝါသဝါလင်္ကာရတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် မူလအာဘိဓမ္မိက၊ဒီဃနိကာယကောဝိဒ၊ဒီဃ ဘာဏက၊ဝိနယကောဝိဒ၊ဝိနယဓရ၊ဥဘတောဝိဘင်္ဂ ကောဝိဒ၊ဥဘတောဝိ ဘင်္ဂဓရ အောင်မြင်တော်မူခဲ့ကြသည့် သံဃာတော်များအား တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်များဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီးတို့အပါအဝင် တာဝန်ရှိသူများက တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင်အောင်မြင်တော်မူခဲ့ကြသည့် ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန် စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here