ဇေယျာသီရိမြို့နယ်တွင် စက်ပျက်၍ ရပ်ထားသည့်တွဲကားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

0
162

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်တွင် မေ (၂၃)ရက် ည (၁၁) နာရီခွဲက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် – မန္တလေး လမ်းဟောင်းအတိုင်း တပ်ကုန်းမြို့ဘက်မှ ပျဥ်းမနားမြို့ဘက်သို့ ကိုကျော်ဖြိုးနိုင်(၂၁)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၂၃၆/၄ အရောက် စက်ပျက်၍ ရပ်ထားသည့်တွဲကားအား နောက်မှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ကိုကျော်ဖြိုးနိုင်မှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here