ကျောင်းအပ် စလက်ခံသည့် တစ်ရက်တည်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ (၁၃) သိန်းကျော်ရှိ

0
178

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အား မေ (၂၃) ရက်မှ (၃၁) ရက်အထိ သတ်မှတ်ပြီး ကျောင်းအပ်လက်ခံခဲ့ရာ မေ (၂၃) ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ ၁၃၄၃ ၀၃၇ ဦးရှိခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ (၁၃) သိန်းကျော်ထဲတွင် တစ်နိုင်ငံလုံး မူလတန်းအဆင့် အပ်နှံသူအများဆုံးဖြစ်ကာ ၁၀၆၉၈၄၇ ဦးရှိခဲ့ပြီး အလယ်တန်းအဆင့် အပ်နှံသူ ၂၀၇၃၃၅ ဦးနှင့် အထက်တန်းအဆင့် အပ်နှံသူ ၆၅၈၅၅ ဦးရှိခဲ့ကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းများအရ သိရသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ကျောင်းအပ်နှံမှုအခြေအနေတွင် ဧရာဝတီတိုင်းမှာ ၂၉၇၁၇၄ ဦးဖြင့် အများဆုံးရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် ၁၈၃၁၇၂ ဦး၊ မန္တလေးတိုင်းတွင် ၁၇၁၀ ၁၈ ဦး၊ ပဲခူးတိုင်းတွင် ၁၅၄၁၂၂ ဦး၊ မကွေးတိုင်းတွင် ၁၂ ၈၄၁၅ ဦး၊ ရှမ်းပြည်နယ်တွင် ၁၀၇၄၈၂ ဦးစီရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်တွင် ၇၈၄၉၄ ဦး၊ တနင်္သာရီတိုင်းတွင် ၃၇၉၂၉ ဦး၊ စစ်ကိုင်းတိုင်းတွင် ၈၆၁၅ ဦး၊ ကချင်ပြည်နယ်တွင် ၃၇၁၉၇ ဦး၊ ကယားပြည်နယ်တွင် ၅၇၂၉ ဦး၊ ချင်းပြည်နယ်တွင် ၆၇၄၁ ဦး၊ မွန်ပြည်နယ်တွင် ၆၃၁၆၅ ဦး၊ ရခိုင်ပြည်နယ်တွင် ၃၅၇၂၅ ဦး ကျောင်းအပ်နှံခဲ့ကြကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

မေ (၂၄) ရက်တွင်လည်း တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်လက်ခံမှုကို ဆက်လက် လက်ခံလျက်ရှိပြီး နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက်လိုအပ်သည့် စားရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here