မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် အိန္ဒိယနိုင်ငံ Aruna Abhay Oswal Trust ဥက္ကဋ္ဌမှ ရူပီး ၁၂၅၀၀၀ လှူဒါန်း

0
153

“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံ Aruna Abhay Oswal Trust ဥက္ကဋ္ဌမှ ရူပီး ၁၂၅၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

အိန္ဒိယနိုင်ငံ Aruna Abhay Oswal Trust ၏ ဥက္ကဋ္ဌ Mrs. Aruna Oswal လှူဒါန်းသည့် ရူပီး ၁၂၅၀၀၀ အား Indo – Myanmar Friendship Association ၏ General Secretary ဖြစ်သည့် Mr. Gaurav Gupta က မေ (၂၃) ရက်တွင် မြန်မာသံရုံးသို့ လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့မှု လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ ကျေးဇူးတင်လွှာပြန်လည်ပေးအပ်ခဲ့ပြီး အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here