ဒီမိုကရက်တစ် အင်အားစု လေဘာပါတီ UEC ၌ မှတ်ပုံတင်ခွင့် လျှောက်ထား

0
259

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားသည့် ပါတီ (၅) ခုအနက် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီသည် မေလ (၂၃) ရက်တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၁၃) ခုရှိပြီး အဆိုပါ (၁၃) ခုအနက်မှ ပါတီ (၅) ခုကို ပါတီတည်ထောင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ထားပြီး ဖြစ်သည်။

ပြီးခဲ့သည့် မေလ (၁၈) ရက်ကလည်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ‌ဒီမိုကရက်တစ်ပါတီတို့လည်း ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပြီး လက်ရှိတွင် UEC က ပါတီတည်ထောင်ခွင့်ပြုထားသည့် ပါတီ(၅)ခုလုံး မှ တ်ပုံတင်လျှောက်ထားပြီးဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

တည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီ (၁၃) ခုအနက် “ဝံသာနု” ပါတီ၏ လျှောက်ထားမှုကို UEC က ငြင်းပယ်ထားပြီး ကျန် (၇) ပါတီ၏ လျှောက်ထားမှုကို စစ်ဆေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံတင် လျှောက်ထားသည့် (၅၀) ရှိပြီး ပါတီတည်ထောင်‌ခွင့် လျှောက်ထားသည့်ပါတီ (၁၃) ခုရှိသည့်အနက် ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ဝံသာနုပါတီ ၏ လျှောက်ထားမှုကို ဥပဒေနှင့် မညီညွတ်သည့်အတွက်ဟုဆို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

UEC မှ ရရှိသည့် သတင်းအချက်အလက်များအရ ပါတီမှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် ပါတီများနှင့် ပါတည်တီထောင်ခွင့်လျှောက်ထားခဲ့သည့် ပါတီများအနက် ပြည်ထောင်စုအဆင့် လှုပ်ရှားမည့်ပါတီ (၁၃) ခု ရှိပြီး ပြည်နယ်နှင့် တိုင်းအဆင့် လှုပ်ရှားမည့်ပါတီ (၅၀) ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here