ကမ္ဘာ့အဆင့် (၁၂) ရှိ ထိုင်း ကစားသမားကို ရှုံးနိမ့်ပြီး R32 အ‌ဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ သက်ထားသူဇာ

0
211

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်းက ယှဉ်ပြိုင်ကစားတဲ့ Malaysia Master 2023 ကြက်တောင်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံသူ ပြိုင်ဘက် Lauren LAM ကို ရှုံးနိမ့်ပြီး R32 ရှုံးထွက်အဆင့်နဲ့သာ ကျေနပ်လိုက်ရပါတယ်။

အဲ့ဒီပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာကျင်းပနေတာဖြစ်ပြီး ကြက်တောင်အားကစားမှ ထိပ်တန်းကစားသမားများစွာ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် (၅၇) သာ ရှိသေးတဲ့ သက်ထားသူဇာဟာ R32 အဆင့်မှာ သူ့ထက် အတွေ့အကြုံ၊ ကစားအား အစစအရာရာသာလွန်နေတဲ့ ကမ္ဘာ့အဆင့် (၁၂) က ထိုင်းနိုင်ငံသူ Busanan ONGBAMRUNGPHAN ကို ပထမပွဲစဉ်မှာ ၂၁ မှတ် ၁၂ မှတ်၊ ဒုတိယပွဲစဉ်မှာ ၂၁ မှတ် ၈ မှတ်နဲ့ ၂ ပွဲဆက် ရှုံးနိမ့်သွားခဲ့တာလည်းဖြစ်ပါတယ်။

သက်ထားသူဇာဟာ ထိုင်းနိုင်ငံမှာလာမယ့် မေလ ၃၀ ရက်က‌နေ ဇွန်လ ၄ ရက်အထိကျင်းပမယ့် TOYOTA GAZOO RACING Thailand Open 2023 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here