မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်က ဒေါ်လာ (၁၇) သန်းခန့် ထပ်တိုးကူညီမည်

0
168

မြန်မာနိုင်ငံရှိ မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်အစိုးရအနေဖြင့် ဒေါ်လာ (၁၇) သန်းခန့် ထပ်တိုးကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေဖြင့် အမေရိကန်မှ ဒေါ်လာ (၁၇) သန်းနီးပါးကို ထပ်တိုးကူညီသွားဖြစ်ကြောင်း ယနေ့ မေလ (၂၄) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို ကူညီရာတွင် အမေရိကန် နိုင်ငံတကာဖွံဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မြန်မာအစိုးရထံ ပေးအပ်ခြင်းမျိုးမဟုတ် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများအား တိုက်ရိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

ယခု ထပ်တိုးကူညီမည့် ကန်ဒေါ်လာ (၁၇) သန်းသည် မုန်တိုင်းသင့် ပြည်သူများအတွက် အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသော ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဖြစ်ကြောင်းလည်း သံရုံးက ဖော်ပြထားသည်။

အမေရိကန် အစိုးရအနေဖြင့် မုန်တိုင်းသင့် ပြည်သူများအတွက် ကနဦးထောက်ပံ့ငွေကန်ဒေါ်လာ (၂) သိန်း ထောက်ပံ့မည်ဟုမေလ (၁၇) ရက်က ကြေညာခဲ့ပြီး ယခု ကူညီမှု ထပ်တိူး ကူညီမည့်အစီအစဉ်ဖြစ်ကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here