ကမ္ဘောဇဘဏ် ATM စက်များမှ ငွေသားထုတ်ယူခွင့်ပမာဏ တိုးမြှင့်သတ်မှတ်

0
445

ကမ္ဘောဇဘဏ်အနေဖြင့် Customer များငွေသားထုတ်ယူရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ATM များ၌ ထုတ်ယူနိုင်မည့် ပမာဏကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယနေ့ မေလ (၂၄) ရက်တွင် အသိပေး ကြေညာထားသည်။

အဆိုပါ ပမာဏ တိုးမြှင့်သတ်မှတ်ခြင်း အစီအစဥ်ကို မေလ (၂၃) ရက်မှ စတင်ခြင်းဖြစ်ကြောင်း KBZ ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

KBZ ATM များ၌ ငွေသားထုတ်ယူရာတွင် ကမ္ဘောဇဘဏ် ပုံမှန်အကောင့်ဟောင်း MPU Debit (ATM ကတ်) မှ တစ်ရက်လျှင် ငွေသား အများဆုံး (၁၀) သိန်းကျပ်၊ တစ်ပတ်လျှင် ငွေသား အများဆုံး (၂၀) သိန်းကျပ်ထိ ထုတ်ယူနိုင်ပြီး ကမ္ဘောဇဘဏ် ငွေစာရင်းအကောင့် MPU Debit (ATM ကတ်) မှ (၁) ရက်လျှင် ငွေသား အများဆုံး (၁၀) သိန်းကျပ် ထိထုတ်ယူနိုင်ကြောင်း သိရသည်။

ယင်းအစီအစဥ်ကို ယခုလက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ သတ်မှတ်ထားသော ATM များတွင် ငွေသားထုတ်ယူနိုင်ပြီး အခြားမြို့များတွင်လည်း ငွေသားထုတ်ယူနိုင်သော ATM အရေအတွက်များကို တိုးချဲ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ATM များစာရင်းကို အချိန်နှင့်တပြေးညီ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here