ကြိုတင်သတိပေးချက်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကြောင့် ကပ်ဘေးဖြင့်သေဆုံးနှုန်းများ မကြုံစဖူးလျော့ကျလာဟုဆို

0
172

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားရေးဆုံးရှုံးမှုများ မြင့်တက်လာသော်လည်း ကြိုတင်သတိပေးချက်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာခြင်းကြောင့် ပြီးခဲ့သောရာစုနှစ်ဝက်အတွင်း လူသားသေဆုံးမှုနှုန်းကို မကြုံစဖူး ထူးကဲစွာ လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။

ဂျီနီဗာ၌ယနေ့ဖွင့်လှစ်သည့် လေးနှစ်တစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့မိုးလေဝသဆိုင်ရာကွန်ဂရက်အတွက် WMO က “၂၀၂၇  ခုနှစ်အကုန်တွင် ကမ္ဘာပေါ်ရှိလူတိုင်းထံ ကြိုတင်သတိပေးသည့်ဝန်ဆောင်မှုများရောက်ရှိစေရန်အတွက် အရှိန်မြှင့်လုပ်ဆောင်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကိုဖွင့်လှစ်ခဲ့သည်” ဟုထုတ်ပြန်ပြောဆိုခဲ့သည်။

WMO ၏ အတွင်းရေးမှူးချုပ် ပတ်ထရီတားလက်စ်ကမူ အထိခိုက်လွယ်ဆုံးသော အသိုက်အဝန်းများသည် ကံမကောင်းစွာဖြင့် ရာသီဥတုအပါအဝင်ရေနှင့်ဆက်စပ်သော အန္တရာယ်များကို ခံနေကြရပြီး ဆိုင်ကလုန်းမိုခါက ယင်းအချက်ကိုသက်သေပြခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုကို အကြီးအကျယ်ဖြစ်စေခဲ့ပြီး အဆင်းရဲဆုံးသောသူများကိုထိခိုက်စေခဲ့သည်ဟုလည်းဆိုခဲ့သည်။

Source : climate center


LEAVE A REPLY

Please enter your comment!
Please enter your name here