ပူတင်၏ တရုတ်နိုင်ငံခရီးစဉ် နေ့ရက်များ ညှိနှိုင်းနေပြီဟုဆို

0
199

ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်မည့် နေ့ရက်များကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြာင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားသည်။

“သမ္မတရှီက ဖိတ်ကြားထားတာရှိပါတယ်။ အဲဒီဖိတ်ကြားချက်ရဲ့ အချိန်ကာလနဲ့ အခြားအသေးစိတ်အချက်အလက်တွေကိုနောက်ပိုင်းမှာ နှစ်ဖက်က အတည်ပြုပါလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖိန် ရုရှားသို့ အလည်အပတ်လာရောက်ခဲ့စဉ်က ယခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် သမ္မတပူတင်အား ဖိတ်ကြားခဲ့သည်။ အကြောင်းမှာ ယခုနှစ်တွင် တရုတ်နိုင်ငံသည် တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Belt and Road Forum (BRFIC) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သဖြင့် ရုရှားသမ္မတ ပူတင်အနေဖြင့် အဆိုပါ BRFIC အခမ်းအနားနှစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ရန်ဖြစ်သည်။

ပထမအကြိမ် Belt and Road ဖိုရမ်ကို ၂၀၁၇ ခုနှစ် မေလက ပေကျင်း၌ ကျင်းပခဲ့ပြီး တရုတ်၊ ရုရှားနှင့် ယူရေးရှား၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံ ၂၈နိုင်ငံတို့မှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဒုတိယဖိုရမ်ကို ၂၀၁၉ ခုနှစ် ဧပြီလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ပင် ကျင်းပခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော Belt and Road Initiative(BRI)သည် နိုင်ငံအများအပြားပါဝင်သည့် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအား တရုတ်နှင့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများကို အသုံးပြုခြင်းဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် ရည်မှန်းထားပြီး၊ ယခုအခါတွင် နိုင်ငံပေါင်း ၁၅၂ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ကျော်တို့က ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here