ဒုဌဝတီမြစ်အတွင်း ၁၉ နှစ်အရွယ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

0
167

ဒုဌဝတီမြစ်အတွင်း ယနေ့ မေလ ၂၄ ရက် ည‌နေပိုင်းက အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာ ဒုဌဝတီမြစ်အတွင်း ယနေ့ ညနေပိုင်းက အသက် ၁၉ နှစ်အရွယ်ရှိကျောင်းသားတစ်ဦး ‌ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရေငုပ်ရှာဖွေပေးပါရန် အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ ညနေ ၄ နာရီ ၃၀ မိနစ်တွင် စတင်ရေငုပ်ရှာဖွေခဲ့ရာ ရေနစ်ပျောက်ဆုံးနေသူ မောင်ကျော်သူရလင်း (၁၉ နှစ်) အား ညနေ ၅ နာရီ ၃၉ မိနစ်တွင် မြစ်ကြမ်းပြင် ရေအောက်မှ ရှာဖွေဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here