မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ပြင်သစ်မှ ယူရိုငွေတစ်သန်းတန်ဖိုးရှိ ပစ္စည်းများလှူဒါန်းမည်

0
222

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရသည့် ဒေသများအတွက် ပြင်သစ်မှ ယူရိုငွေတစ်သန်းတန်ဖိုးရှိ သော အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများကို ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း မိုခါမုန်တိုင်းဒဏ်သင့်ဒေသများကို အာဆီယံနိုင်ငံများမှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်နေသလို အနောက်နိုင်ငံအချို့မှလည်း ကူညီမှုများရှိနေကြောင်း သိရသည်။

ယင်းအပြင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသခံ ၁ ဒသမ ၆သန်းအတွက် အရေးပေါ်ရန်ပုံငွေ ကန်ဒေါ်လာ ၃၃၃သန်း အကူအညီပေးကြရန် ကုလသမဂ္ဂက တောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here