ပတ်ဝန်းကျင်လေထုထဲမှ လျှပ်စစ်ထုတ်လုပ်ရန် သိပ္ပံပညာရှင်တို့ ဆောင်ရွက်နေ

0
157

မက်ဆာချူးဆက်ပြည်နယ်၊ Amherst တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် သာမန်ပါးလွှာသော ပတ်ဝန်းကျင်လေထုထံမှ လျှပ်စစ်ဓာတ်အားကို အဆက်မပြတ်ထုတ်လုပ်ပေးနိုင်သည့် Air-gen ဟူသည့် ကိရိယာကို တီထွင်ခဲပြီး၊ လူသားတို့ကို ဝန်းရံထားသည့် လေထုသည်ပင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နေကြောင်းကို လေ့လာမှုအသစ်တစ်ခုဖြင့် ဖော်ထုတ်တင်ပြခဲ့ကြောင်းသိရသည်။

အဆိုပါ Air-gen ကိရိယာသည် လူ့ဆံပင်ထက် အဆတစ်ထောင်မျှသေးငယ်သည့် ၁၀၀ နာနိုမီတာ အောက်ရှိသော အပေါက်ငယ်လေးများပါရှိသည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်။

ထို့ကြောင့် ထိုကိရိယာသည် လေထဲရှိ ရေစက်များမှ လျှပ်စစ်ဓာတ်အားကို ဆွဲထုတ်နိုင်သည်ဟု သုတေသီများက အစီရင်ခံတင်ပြပြီး နောက်ဆုံးတွင် ၎င်းသည် စဉ်ဆက်မပြတ်နှင့် ရေရှည်တည်တံ့သော ဓာတ်အားအရင်းအမြစ်ကို ပေးစွမ်းနိုင်ကြောင်း သုတေသီများက အကြံပြုထားသည်။

အဆိုပါနည်းပညာဖြင့်လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းကို ရုပ်ကြွင်းလောင်စာအစားထိုးအဖြစ် အသုံးပြုခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက်လည်း များစွာပင်အထောက်အကူပြုနိုင်မည်ဟု သုတေသီများက မျှော်လင့်ထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here