အာဂျင်တီးနားနှင့် အင်ဒို လက်ရွေးစင် အသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်

0
184

ဂျကာတာ၊ မေ ၂၄

မကြာသေးမီကမှ ကမ္ဘာ့ဖလား ဆွတ်ခူးထားသော အာဂျင်တီးနား လက်ရွေးစင်အသင်းသည် လာမည့်လတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် လည်ပတ်ကာ ၎င်းနိုင်ငံ၏ လက်ရွေးစင် အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားသွားမည် ဖြစ်ကြောင်း ၎င်းဘောလုံးအဖွဲ့ချုပ်၏ ထိပ်တန်းအရာရှိတစ်ဦးက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် အာဂျင်တီးနား အသင်းက ပြုလုပ်သွားမည့် အာရှခရီးစဉ်ထဲပါဝင်ပြီး ဇွန်လ ၁၅ ရက်နေ့တွင်လည်း ပေကျင်းသို့ သွားရောက်ကာ ဩဇီအသင်းနှင့်လည်း ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားသွားမည်ဟု သိရသည်။

အဆိုပါ ကြေညာချက်သည် အာဂျင်တီးနားက ယူ-၂၀ ကမ္ဘာ့ဖလားကို အင်ဒိုနီးရှားအစား အိမ်ရှင်အနေဖြင့် လက်ခံကျင်းပနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်ဒိုသည် အစ္စရေး အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလား၌ ပါဝင်ခွင့်ပြုရန် ငြင်းဆိုခဲ့သောကြောင့် အိမ်ရှင်အဖြစ်မှ ဖြုတ်ချခံခဲ့ရသည်။

လူဦးရေ သန်း ၂၇၀ ရှိသော အင်ဒိုတွင် ဘောလုံးသည် လူကြိုက်များသော အားကစားဖြစ်ပြီး တဖြည်းဖြည်း အရှိန်အဟုန် ကောင်းလာလျက်ရှိသည်။ ထို့ပြင် ၎င်းနိုင်ငံရှိ ဘောလုံးပရိသတ်များသည်လည်း မကြာသေးမီကမှ ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆု ရယူထားနိုင်သောကြောင့် အလွန်တက်ကြွနေသည်။

အင်ဒိုဖက်မှ ပွဲကျင်းပမည့် နေ့ရက်ကို အတိအကျ မဖော်ပြထားသော်လည်း အာဂျင်တီးနား ဘောလုံးအဖွဲ့အစည်းကမူ ဇွန်လ ၁၉ ရက်နေ့တွင် ဆော့ကစားသွားမည်ဟု တွစ်တာပေါ်၌ ရေးသားထားသည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here