အရှိန်မထိန်းနိုင်ဘဲ ကုန်တင်ယာဉ်အား နောက်မှဝင်တိုက်သည့် Canter ယာဉ်မောင်း ခြေထောက်နှစ်ဖက်စလုံးကျိုးကာ ဆေးရုံရောက်

0
164

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာအနီး ရန်ကုန် – မန္တလေး လမ်‌ဟောင်းတွင် ရှေ့မှ မောင်းနှင်နေသည့် ကုန်တင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သ ည့် Canter ယာဉ်မောင်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မေ (၂၅) ရက် နေ့လယ် (၁) နာရီခန့်က ဖြစ်ပွားခဲ့ခြ င်းဖြစ်ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း (အုတ်တွင်းမြို့)ထံမှ စုံစမ်းသိရသည်။

ရန်ကုန် – မန္တလေးသွား ကားလမ်းအဟောင်းအတိုင်း ရွှေညောင်မြို့ဖက်သို့ မောင်းနှင်လာသည့် Canter ကားသည် အင်ဒိုင်းကျေးရွာထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ကုန်တင်ယာဥ်၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဥ်ကြောင့် Canter ကားမောင်းသူ ဦးဇာနည်ဟိန်းသည် ခြေထောက်နှစ်ဖက်လုံးကျိုးကာ ကားခေါင်းခန်းအတွင်း ညပ်နေသဖြင့် ရင်ခုန်သံရှင်ရေး ကူညီမှုအသ င်း (အုတ်တွင်းမြို့)မှ အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

“ကားမောင်းတဲ့လူက ခြေထောက် နှစ်ဖက်လုံးကျိုးသွားတယ်။ အသက်အန္တရာယ်က စိုးရိမ်စရာမရှိပါဘူး။ နောက်အဲဒီကားပေါ် ပါလာတဲ့ ကားစပယ်ယာလည်း ဒဏ်ရာန ည်းနည်းရသွားတယ်။ သူကတော့ လုံးဝကို စိုးရိမ်စရာမရှိတဲ့ အနေအထားပါ”ဟု လူမှုကူညီရေးအသင်းမှ တာဝန် ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအား ရင် ခုန်သံရှင်ရေး ကူညီမှုအသင်း (အုတ်တွင်းမြို့) မှ တောင်ငူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here