သခင်မြပန်းခြံ၌ လက်လုပ်ဗုံးပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားကာ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး (၂)လုံးတွေ့

0
199

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ သခင်မြပန်းခြံအတွင်း၌ ယနေ့နံနက်ပိုင်းက လက်လုပ်ဗုံး (၂) လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး (၂) လုံး တွေ့ရှိခဲ့သဖြင့် ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။

ယနေ့ မေလ (၂၅)ရက် နံနက် (၁၁) နာရီ ဝန်းကျင်အချိန်တွင် သခင်မြပန်းခြံအတွင်းရှိ ရေတမာပင်အောက်၊ ပန်းခြံမြက်ခင်းပြင်နှင့် ပန်းခြံအတွင်းရှိ အမှိုက်ပုံးအနီးတို့တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသည့် အိတ် (၃) လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များအား ဆက်သွယ်အကြောင်းကြားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးစဥ် ရေတမာပင်အောက်နှင့် ပန်းခြံမြက်ခင်းပြင်ပေါ်ရှိ အထုပ်များအတွင်းမှ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မနက်က ပန်းခြံကိုပိတ်ပစ်ပြီး စစ်သားတွေ ရဲတွေအများကြီးရောက်လာတယ်။ စစ်ဆေးတာတွေ လုပ်နေတုန်း ပေါက်ကွဲသံကြီး (၂) ချက်ကြားရတယ်။ နောက် ဗုံးတွေထပ်တွေ့တယ်လို့ပြောတယ်။ လူထိခိုက်တဲ့ အသံတော့မကြားပါဘူး”ဟု အခင်းဖြစ်နေရာ အနီးနေသူတစ်ဦးမှ ပြောသ ည်။

ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များမှ ပန်းခြံအတွင်းရှိ အမှိုက်ပုံးအနီးတွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အား ဖယ်ရှားရှင်းလင်းခဲ့ရာ PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံးတစ်လုံးအားတွေ့ရှိခဲ့ရပြီး ပန်းခြံအတွင်းဆက်လက်စစ်ဆေးရာ စက္ကူပန်းခြုံများအတွင်းမှ လက်လုပ်ဗုံးတစ်လုံးအား ထပ်မံတွေ့ရှိခဲ့သည့်အတွက် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here