တရားမဝင်ကုန်သွယ်မှုများအတွက် ရွေးယူဒဏ်ငွေ တန်ဖိုးသတ်မှတ်ရာတွင် ပြင်ပပေါက်စျေးထက်လျော့နည်းမှုမရှိစေရန် စနစ်တကျသတ်မှတ်ရမည်

0
256

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာ၌ ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ရာတွင် ကျူးလွန်သူများအတွက် ဒဏ်ကြေးသတ်မှတ်ရာမရောက်ဘဲ ပြင်ပပေါက်ဈေးထက်လျော့နည်းသက်သာနေခြင်းမရှိစေရေးနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)အား မေ ၂၆ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အခြားနိုင်ငံများမှဈေးပေါသည့် အခြေခံလူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်းတရားမဝင်နည်းလမ်းများနှင့်ဝင်ရောက်လာနိုင်၍ ပြည်တွင်း SMEs လုပ်ငန်းများ၏ ရှင်သန်ရပ်တည်မှုများထိ ခိုက်လာနိုင်သဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို စနစ်တကျပြင်းပြင်းထန်ထန်ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

တရားမဝင်ကုန်သွယ်မှုများတားဆီးအရေးယူရာ တွင် ယခင်က ကန့်သတ်ကုန်ပစ္စည်းများကို ပ စ္စည်းသိမ်းဆည်းခြင်း၊အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်ပါက ရွေးယူဒဏ်ငွေတပ်ရိုက်ပြီး ရွေးယူခွင့်ပြုခြင်းများကိုဆောင်ရွက်ခဲ့ပြီး တရားမဝင်ကုန် ပစ္စည်းများတင်ဆောင်သည့် ယာဉ်များကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

“တားဆီးအရေးယူမှုတွေရှိပေမယ့် ရပ်တန့်မသွားဘဲ ဆက်လက်ကျူးလွန်မှုတွေကို အကောက်ခွန် ဥပဒေအပြင် ဆက်စပ်တဲ့ ဥပဒေတွေနဲ့ပါပြင်း ပြင်းထန်ထန်အရေးယူသွားရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ရွေးယူဒဏ်ငွေတန်ဖိုးသတ်မှတ်ရာ၌ ကျူး လွန်သူများအတွက် ဒဏ်ကြေးသတ်မှတ်ရာမရောက်ဘဲ ပြင်ပပေါက်ဈေးထက်လျော့နည်းသက်သာနေပါက ကျေကျေနပ်နပ်လာရောက်ရွေးယူနေကြမည်ဖြစ်ကာ နောင်ကြဉ်မှုမရှိဘဲ ထပ်ကာ ထပ်ကာကျူးလွန်ရန်အားပေးရာရောက်သည်ဟု ပြောသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်နေသူများအ တွက် ဖြစ်သင့်ဖြစ်ထိုက်သည့် သင့်တင့်သည့်အ ရေးယူခြင်းမျိုးမဟုတ်ဘဲ ဥပေဒနှင့်အညီ ထပ်မံမကျူးလွန်ရဲစေရန် တရားမဝင်ကုန်သွယ်မှုများ ကြီးထွားမလာစေရန် ဆင့်ကဲဆင့်ကဲပြင်းပြင်း ထန်ထန်အရေးယူသွားရမည်ဖြစ်၍ ရွေးယူဒဏ် ငွေတန်ဖိုးသတ်မှတ်ရာတွင် စနစ်တကျသတ်မှတ်ဆောင်ရွက်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်သည်ဟု နစက ဒု-ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here