အကြမ်းဖက်အဖွဲ့များနှင့် နယ်စပ်ဖြတ်ကျော် ဂိုဏ်းများ တရားမဝင် ဖြတ်ကျော်မှုအား ပူးပေါင်းတားဆီးရန် မြန်မာ – ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

0
173

မြန်မာ – ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအတွက် အစည်းအဝေးပြုလုပ်စဥ် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြခြ င်းဖြစ်သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံတာဝန်ရှိသူများက နယ်စပ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများတားဆီးထိန်းသိမ်းပေးရေး၊ နယ်စပ်ကုန်သွယ်မှု၊ ဖွံ့ဖြိုးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာ ကွယ်ရေး၊နှစ်နိုင်ငံနယ်နိမိတ်အတွင်း ညှိနှိုင်းပူးပေါင်းကင်းလှည့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များကြား အချိန်နှင့် တပြေးညီ သတင်းဖလှယ်ပေးရေး၊ အကြမ်း ဖ က်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များ၏ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်သည့် ဖြစ်စဉ်များအား ပူးပေါင်းတားဆီးဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးအား မေ (၂၄) ရက်နှင့် (၂၅) ရက်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားခရိုင်၊ တက္ကနာ့ဖ်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်ထက်လွင်နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ်(ကော့စ်ဘဇ္ဇား)ဒေသကွပ်ကဲရေးမှူးနှင့်ပူးတွဲညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Najam-Us-Sakib တို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here