၈၂ နှစ်စလုံး အမျိုးသမီးတွေကို တစ်ခါမှ မြင်တွေ့ခွင့်မရဘဲ ကွယ်လွန်သွားတဲ့ ဘုန်းတော်ကြီး မီဟိုင်လို တိုလိုတို

0
278

ဂရိဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ မီဟိုင်လို တိုလိုတိုဟာ သူရဲ့ ၈၂ နှစ်တာ ဘဝတစ်လျှောက်လုံး မည်သည့်အမျိုးသမီးတစ်ဦးတစ်ယောက်ကိုမှ မမြင်တွေ့ရဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ပြောလိုက်တော့ မျက်မမြင်တစ်ယောက်ဆိုပြီး ထင်မိနိုင်ပေမယ့် မီဟိုင်လိုဟာ မျက်စိလည်း မြင်သလို ခြေလုံလက်စုံနဲ့ အကောင်းပကတိအတိုင်း မွေးဖွားလာသူပါ။

မီဟိုင်လို ကိုတော့ ၁၈၅၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူမွေးပြီးပြီးချင်း နာရီပိုင်းအကြာမှာ မိခင်ဖြစ်သူက ဆုံးပါးသွားခဲ့တယ်။ ဒါကြောင့် ဖအေ လက်သည်မပေါ်တဲ့ မိဘမဲ့ တစ်ကောင်ကြွက် မီဟိုင်လိုဟာ အေးတို့စ်တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုရဲ့ လှေကားထစ်မှာ စွန့်ပစ်ခံခဲ့ရတယ်။

ဒီလိုနဲ့ ဘုန်းတော်ကြီးတွေကပဲ ခေါ်ယူမွေးစားပြီး ပညာသင်ကြား ပေးခဲ့ရတယ်။ ထူးခြားတာက အေးတို့စ်တောင်ပေါ်ကို အမျိုးသမီးတွေ လုံးဝ ခြေချခွင့် မရှိတာပါ။ မီဟိုင်လို ကိုယ်တိုင်ကတည်း ကွယ်လွန်ဆုံးပါးသည်တိုင်အောင် တောင်အောက်ကို ခြေမချခဲ့တော့ အမျိုးသမီးတွေကို မြင်တွေ့ခွင့် မရခဲ့ဘူး ဆိုတာကလည်း အရမ်းကြီး မထူးဆန်းဘူးလို့တောင် ထင်ရပါတယ်။

အဲဒီလိုနဲ့ ဘုန်းတော်ကြီးတွေကြားမှာပဲ ရှင်သန်ခဲ့ရတဲ့ မီဟိုင်လိုဟာ ၁၉၃၈ ခုနှစ် အရောက်မှာတော့ ကွယ်လွန်အနိစ္စရောက်သွားခဲ့တယ်။ ဒါကြောင့် မီဟိုင်လိုရဲ့ သူငယ်ချင်း ဘုန်းတော်ကြီးတွေဟာ သူ့ကို ကမ္ဘာပေါ်ရှိတဲ့ ပုထုဇဥ် ယောကျ်ားတွေထဲ အမျိုးသမီးတွေကို တစ်ခါမှ မမြင်တွေ့၊ မထိတွေ့ဖူးတဲ့ တစ်ဦးတည်းသော ယောကျ်ားအဖြစ်နဲ့ မှတ်ယူကာ ဈာပနာပွဲကို ထူးထူးခြားခြား ကျင်းပပေးခဲ့တယ်လို့တောင် သိရပါတယ်။

မိန်းမတွေအပြင် မီဟိုင်လိုဟာ ကားနဲ့ လေယာဉ်တွေကိုတောင် မမြင်တွေ့ခဲ့ရဘူးလို့ ဂရိရှေးဟောင်း သတင်းစာက ဖော်ပြထားပါတယ်။ မီဟိုင်လိုကိုလည်း အင်တာနက်ပေါ်မှာ မိန်းမတွေကို မမြင်တွေ့ဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားအနေနဲ့ လူသိများကြပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here