သန်လျင်တွင် ဆီဘောက်ဆာကား တိမ်းမှောက်ကာ မီးလောင်မှုဖြစ်၍ (၂) နာရီကြာငြှိမ်းသတ်ခဲ့ရ

0
162

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း ဒဂုံသီလဝါကားလမ်းဘေးတွင် မေ(၂၆)ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ည (၁၂) နာရီဝန်းကျင်က သန်လျင်မြို့နယ်၊ဆေးလုံးကြီးချောင်းစောင့်ကျေးရွာရှိ ဒဂုံသီလဝါကားလမ်းဘေးတွင် ဆီဘောက်ဆာကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ သန်လျင်ခရိုင်မီးသတ်စခန်း၊ သန်လျင်မြို့နယ် မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ‌သွားရောက်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ‌ကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးဆက်လက်လောင်ကျွမ်းခဲ့သဖြင့် ည ၁၂ နာရီ ၂၃ မိနစ်တွင် Level 1 အဆင့်သတ်မှတ်ကာ ငြှိမ်းသတ်ခဲ့ရပြီး ည (၂) နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here