ငွေကြေးစနစ် မတည်ငြိမ်အောင် ​ကောလဟာလများဖြင့်လုပ်ဆောင်နေမှုများရှိ​နေ

0
320

လက်ရှိတွင်ပို့ကုန်​ငွေ Export Earning ပြန်လည်ဝင်ရောက်မှုနှင့် ပတ်သက်၍ လည်းကောင်း ၊ ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များရှိသည်ဟု ကောလာဟလသတင်းများဖြန့်ကာ ငွေကြေးဈေးကွက် မတည်ငြိမ်အောင် လုပ်ဆောင်နေမှုများရှိနေသည်ကို တွေ့ရှိ​နေရကြောင်း ဗဟိုဘဏ်က ဆိုသည်။

ပို့ကုန်/သွင်းကုန် သမားများ၏ နိုင်ငံခြားငွေ လိုအပ်ချက် ပမာဏကို ဘဏ်များအနေဖြင့်လည်း စောင့်ကြည့်ကာ ပံ့ပိုးပေးရန် အဆင်သင့် ရှိနေပြီး ဘဏ်များအနေဖြင့် မိမိတို့၏ လိုအပ်ချက်ကို ဗဟိုဘဏ်သို့ တင်ပြနိုင်ကြောင်းလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ပို့ကုန်/ သွင်းကုန် သမားများအနေဖြင့်လည်း Trade Financing အတွက် နိုင်ငံခြားငွေများကို ဘဏ်များမှ ဝယ်ယူနိုင်ပြီး မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်းများ မလုပ်ဆောင်ကြရန် သတိပေးထားသည့်အပြင် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့်လည်း ပို့ကုန်ရငွေ၏ သတ်မှတ်ရာခိုင်နှုန်းအားသတ်မှတ် ကာလအတွင်း ဘဏ်များသို့မရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်များ၏ ငွေရေးကြေးရေး အခြေအနေများကို ဗဟိုဘဏ်မှ (၃) လတစ်ကြိမ် ငွေရေးကြေးရေး ကိန်းဂဏန်းဆိုင်ရာအစီရင်ခံစာများဖြင့် ထုတ်ပြန်ပြီး အသိပေးလျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်များအတွက် ပေးချေမှုများကို ဘတ်နှင့် ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပပေးချေမှုများ အဆင်ပြေစွာ ပေးချေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here