မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ SKY NET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ကျင်းပမည်

0
211

မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် SKYNET ရုပ်သံလိုင်းနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကာ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ပြည်တွင်း အစီအစဉ်တစ်ခုအဖြစ်သာ ထုတ်လွှင့်ပြသခြင်းမျိုး မဟုတ်ဘဲ နှစ်စဉ်ကျင်းပနိုင်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ကျင်းပခဲ့ပြီး ရွှေအောင်လံဆုရှင် (၄) ဦးပေါ်ထွက်ခဲ့ကြောင်းသိရသည်။

ယခုကျင်းပမည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးတွင် ဝိတ်တန်းလေးခု ပါဝင်ပြီး ယင်းတွင် ၅၇ ကီလိုတန်း(၃ မိနစ် ၅ချီ)၊ ၆၀ ကိလိုတန်း(၃ မိနစ် ၅ ချီ)၊ ၆၃.၅ ကီလိုတန်း(၃ မိနစ် ၅ ချီ)၊ ၆၇ ကီလိုတန်း( ၃ မိနစ် ၅ချီ)တို့ဖြစ်ပြီး ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့်နေ့တွင် စိန်ခေါ်ပွဲစဉ် (၂)ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဝိတ်တန်းအလိုက် ပါဝင်ယှဉ်ပြိုင်မည့်ကစားသမားများမှာ မြန်မာပြည်အနှံ့မှ ရိုးရာလက်ဝှေ့ကစားသမားများဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်တိုင်းအလိုက် အောင်မြင်မှုများရရှိထားသည့် မျိုးဆက်သစ်ရွှေအောင်လံဆုရှင်များ၊ ပြည်နယ်တိုင်းကိုယ်စားပြုချန်ပီယံဆုရှင်များ ပါဝင်ထိုးသတ်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here