မီးနီဖြတ်မောင်းသည့် YBS ယာဉ် တစ်လလျင် အစီး ၄၀၀ ခန့်ရှိကြောင်း YRTC ပြော

0
165

ရန်ကုန်တိုင်း အတွင်းပြေးဆွဲ‌နေသည့် YBS ကားများအနက် မီးနီဖြတ်မောင်းသည့် ယာဉ်အရေအတွက်မှာ တစ်လလျင် ၄၀၀ စီးခန့်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒု-ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။

မေ (၂၅) ရက် နံနက် (၉) နာရီခွဲက ပြုလုပ်ခဲ့သည့် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မီးပွိုင့်အနီး လမ်းလယ်ခေါ‌င်တွင်လည်း ခရီးသည် အတင်/အချပြုလုပ်နေကြပြီး မီးစိမ်းသော်လည်း မထွက်သဖြင့် အနောက်မှ ကားများအတွက် အဆင်မပြေမှုများလည်း ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

စည်းကမ်းမဲ့ မီးနီဖြတ်မောင်းခြင်း၊ YBS ယာဉ်များ တစ်စီးနှင့် တစ်စီးကျော်တက်၊ လုယက်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်ကြောကြပ်တည်းခြင်းများ ဖြစ်ပေါ်နေ၍ မှတ်တိုင်တွင် ယာဉ်များထပ်မနေစေရန်နှင့် အန္တရာယ် ကင်းဝေးစေရန် လက်ယာယာဉ်ကြောသို့ ကပ်မောင်းကြရန်လည်း သတိပေး ပြောကြားခဲ့သည်။

YBS ယာဉ်လိုင်းများအနေဖြင့် ပုတ်ပြတ် (ခေါက်ကြေး) ယူ၍ မောင်းနှင်ခြင်းမျိုး ရှိစေရေး၊ လွယ်ကူစွာထိန်းချုပ်နိုင်ရေးအတွက် မေလကုန် နောက်ဆုံးထား၍ တစ်ဦးချင်းပိုင်ယာဉ်များအား အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း YRTC မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here