လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များ စစ်တွေဆိပ်ကမ်းသို့ရောက်ရှိ

0
340

ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် “မိုခါ”မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ၊ဓာတ်အားလိုင်းကြိုးများ၊ထရန်ဖော်မာများမှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်၍ ဒေသခံများလျှပ်စစ်မီးအသုံးပြုနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများအား အင်အားအများအပြားဖြင့် အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်လိုအပ်သည့် လျှပ် စစ်ဓာတ်အားလိုင်းတာဝါတိုင်များ၊ဓာတ်အားလိုင်းကြိုးများအား တပ်မတော်(ရေ)၏ စစ်ရေယာဥ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၂၇ ရက်ကလည်း လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များ၊ဓာတ်အားလိုင်းကြိုးများနှင့်ဆက်စပ်ပစ္စည်းအများအပြားသည် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စစ်တွေဆိပ်ကမ်းသို့ရောက်ရှိလာသည့် လျှပ်စစ် ဓာတ်အားလိုင်းတာဝါတိုင်များ၊ဓာတ်အားလိုင်းကြိုးများနှင့်ဆက်စပ်ပစ္စည်းများအား ပြန်လည်ပြုပြင်လျက်ရှိသည့်နေရာများသို့ တာဝန်ရှိသူများက အ ချိန်မီဆက်လက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here