မန္တလေးမြို့ MCC ခန်းမ၌ နောက်ဆုံးပေါ် EV ကားအရောင်းပြပွဲကျင်းပမည်

0
201

မန္တလေးတိုင်း၊မန္တလေးမြို့ရှိ Mandalaly Convention Center(MCC)ခန်းမ၌ နောက်ဆုံးပေါ် EV ကားအရောင်းပြပွဲ Mandalay Green Energy Fair 2023 အားကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲအား မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)နှင့် EV Myanmar Group တို့ပူးပေါင်းကာ ဇွန် ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့၌ နံနက် ၈ နာရီမှည ၆ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

EV ကားအရောင်းပြပွဲတွင် နောက်ဆုံးပေါ် EV ကားများ၊ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၊အီလက်ထရောနစ်ပစ္စည်းများကိုပြသသွားမည်ဖြစ်ကာ EV ကားများအား စမ်းသပ်မောင်းနှင်နိုင်မည့် အစီ အစဉ်များ၊ဘဏ်စနစ်ဖြင့်ချိတ်ဆက်ဝယ်ယူနိုင်မည့် အစီအစဥ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here