သာကေတ ရှုခင်းသာအိမ်ယာဝင်းအတွင်း၌ အမျိုးသား ၁ ဦးဓာတ်လိုက်သေဆုံး

0
284

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ရှုခင်းသာအိမ်ယာဝင်းအတွင်း၌ မေ ၂၇ ရက်ညပိုင်းက အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသား ၁ ဦးဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ည ၈ နာရီခွဲခန့်က ထိုအမျိုးသား သည် Wifi Cable ကြိုးတက်ရောက်ပြုပြင်စဥ် ဓာတ်လိုက်ခံခဲ့ရကြောင်း သိရသည်။

“သတင်းရတဲ့အချိန်ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ်၊ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဓာတ်လိုက်ခံရတဲ့ကောင်လေးက သေဆုံးနေပါပြီ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသွားသူ၏ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအ သင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here