ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုဝင်ရောက်

0
179

ပြီးခဲ့သည့် ဧပြီလအတွင်း နိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းတစ်ခုသာရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

အမေရိကန်ဒေါ်လာ (၃ ဒဿမ ၇၃) သန်းပမာဏရှိသည့် အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်‌ကြောင်း DICA က​ဖော်ပြထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူ ဧပြီလတွင် အမေရိကန်ဒေါ်လာ (၅ ဒဿမ ၉၉) သန်း ဝင်ရောက်ခဲ့ပြီး ယခုဝင်ရောက်လာသည့် လုပ်ငန်းထက် ဒေါ်လာ (၂) သန်းကျော်ပိုများခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ (၁ ဒဿမ ၆) ဘီလီယံကျော် ဆွဲဆောင်နိုင်ခဲ့ပြီး စင်ကာပူက ဒေါ်လာ (၁ ဒဿမ ၁) ဘီလီယံကျော်နှင့် အများဆုံးဝင်ရောက်ခဲ့ကာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှလည်း အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here