“မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသူများအတွက် UNHCR မှ Solar Lamps များထောက်ပံ့ပေးမည်

0
208

မြန်မာနိုင်ငံ၌ “မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသူများအတွက် UNHCR မှ Solar Lamps များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်မှ UNHCR ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi အား မေ ၂၇ ရက် နံနက် ၁၀ နာရီကလက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် Ms. Noriko Takagi က မြန်မာနိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့မှု၊”မိုခါ”မုန်တိုင်းဒဏ်ကြောင့်ထိခိုက်ခဲ့ရသူများအား UNHCR မှ Solar Lamps များထောက်ပံ့ပေးမည်ဖြစ်ကာ အခြားကယ်ဆယ်ရေးပစ္စည်းများကို စစ်တွေမြို့သို့ ပို့ဆောင်ပေးသွားမည်ဟု ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်မှလည်း “မိုခါ”မုန်တိုင်းမတိုက်ခတ်မီ အစိုးရဘက်မှ ကြိုတင်ပြင်ဆင်ခဲ့မှုများ‌ကြောင့် ပြည်သူများထိခိုက်မှု အနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့မှု၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)အား မေ ၈ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်နေမှု၊ကယ်ဆယ်ရေးပစ္စည်းများအား အစိုးရနှင့်တပ်မတော်မှ လေယာဉ်၊ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့သယ်ယူထောက်ပံ့နေမှု၊ရခိုင်ပြည်နယ်ရှိ‌ စား သောက်ကုန်များအား သင့်လျော်သောဈေးနှုန်းများဖြင့်ရောင်းချစေနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here